တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင် ဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင် ဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနား တက်ရောက်


MNP ၊ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်မှတ်ရပိုးသတ်ဆေး သုံးစွဲသူများသင်တန်းအား ပိုးသတ်ဆေး ဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်ကို သိရှိ နားလည်ပြီး စနစ်တကျ ကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံကာကွယ်ရေး လုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်း ထိရောက်အောင်မြင်စေရန်၊ ဘေးကင်း လုံခြုံစိတ်ချရသော စားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် မပျက် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက် များနှင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဈေးကွက်အတွင်း တရားဝင်တင်သွင်းခွင့်ရှိသည့်ဆေးဝါးများ၊ တင်သွင်းခွင့်မရှိသည့် ဆေးဝါးများကိုလည်း ယခုသင်တန်းမှ တစ်ဆင့် သိရှိစေမည်ဖြစ်ပါ ကြောင်း၊  သင်တန်းတွင် ပိုးသတ်ဆေးများအား လက်တွေ့သုံးစွဲသူများ ပါရှိသကဲ့သို့ လက်မှတ်ရပိုးသတ်ဆေးများအား ရောင်းချမည့်သူများလည်း ပါရှိကြောင်း၊ တိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်၊ နွေစပါးစိုက်ဧက ၁၄ သိန်းကျော်နှင့် ပဲမျိုးစုံစိုက်ဧက ၁၆ သိန်း ကျော်၊ ဆီထွက်သီးနှံစိုက်ဧက ၃ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ စိုက်ဧကများ ပြည့်မီစေရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆောင်ရွက်လျက်ရှိရာ ပိုးမွှားအန္တရာယ် ကင်းစင်ပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် သီးနှံများ ဈေးကွက်အတွင်း ရောင်းချနိုင်ရန်အတွက် တောင်သူများအနေဖြင့်လည်း စနစ်တကျစိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲခြင်း များဖြင့် ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ ပိုးသတ်ဆေးသုံးစွဲသူများ၊ ရောင်းချသူများအနေဖြင့် ပိုးသတ်ဆေး များ၏ အကျိုး အာနိသင်များ၊ အန္တရာယ်ဖြစ်စေနိုင်မှုများကို နှံ့နှံ့စပ်စပ်သိရှိကြရန်လိုအပ်ပြီး အသုံးပြုမည့် တောင်သူများအား သေချာစွာ အသိပညာပေး ညွှန်ကြားမှု ပြုနိုင်ရန်လည်း လိုအပ်ကြောင်း၊ သင်တန်းမှပို့ချမှုများကို သေချာလေ့လာမှတ်သားပြီး မိမိတို့အရပ်ဒေသများတွင် ပြန်လည်ဆင့်ပွား ဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေး ပိုးမွှားအန္တရာယ် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများအား ပိုးသတ်ဆေးသုံးစွဲသူများ၊ ရောင်းချသူများ၊ တောင်သူများ၊ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါ သင်တန်းအား ယခုလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၆၈ ဦး တက်ရောက် လျက်ရှိကာ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီး၌ လိုင်စင်ရ ပိုးသတ်ဆေး လက်လီလက်ကား အရောင်းဆိုင် (၉၀၆) ဆိုင်သည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချသုံးစွဲနေကြပြီဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများအတွက် များစွာအကျိုးပြု လျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)