MNP ၊ အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အ.မ.က(မူလွန်) နတ်စဥ်ကုန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အကြောင်းအရာများနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများကိုယ်ကာယဥာဏစွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေးရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပြီး၊ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်း များဆောင်ရွက်ကာက လေးငယ်များအားစာဖတ်သည့် အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းနှင့် လူကုန်ကူမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ခင်ခင်မာ
https://t.me/MyanmarNationalPost
No comments:
Post a Comment