ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု(အောက်စဖိုဒ့်)ဆရာတော်အား ဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု(အောက်စဖိုဒ့်)ဆရာတော်အား ဖူးမြော်ကြည်ညို





MNP ၊ အောက်တိုဘာ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက် ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပန်းတင်ကျေးရွာအုပ်စု၊ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University) သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု (အောက်စဖိုဒ့်) ဆရာတော် အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ကိုဦးဆောင်တည်ထောင်သူ အောက်စဖိုဒ့် တက္ကသိုလ်၏ Fellow နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ အားဖူးမြော် ကြည်ညို ကြသည်။ ထို့နောက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များက (အောက်စဖိုဒ့်) ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။    

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့က (အောက်စဖိုဒ့်) ဆရာတော်ထံ ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Languageတို့ဖြင့် ရိုက်နှိပ်ထားသည့် ပိဋကတ်သုံးပုံကျမ်းစာအုပ်များ၊ မာရဝိဇယရုပ် ပွားတော်မြတ်ပုံစံတူ ရုပ်ပွားတော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဆရာတော်ကြီးကိုယ်တိုင် ရေးသားပြုစုထားတော်မူသည့် ဓမ္မစာအုပ်များကို ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များက ဆရာတော်၊  သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ (အောက်စဖို့) ဆရာ တော်က ဓမ္မလက်ဆောင်စာအုပ်များ ပြန်လည်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က (အောက်စဖို့) ဆရာတော် ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညိုကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် ဇနီးတို့က ဗုဒ္ဓတက္ကသိုလ်အတွင်း မဟော်ဂနီပင်ကို အမှတ်တရစိုက်ပျိုးပေးရာ သံဃာတော် များက မေတ္တာပို့ တရားတော်များကို ရွတ်ဖတ်သရစ္ဇျယ်ပေးကြသည်။

အဆိုပါ  ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University)ကို ဦးဆောင်တည်ထောင်သူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ ကို ၁၉၆၄ ခုနှစ် တွင် ရှမ်းပြည်နယ်၊ လဲချားမြို့၊ နောင်ပန်ကျေးရွာတွင် မွေးဖွားခဲ့ပြီး သက်တော် ၆ နှစ်၌ လဲချားမြို့ သီရိမင်္ဂလာအုဋ်ကျောင်းဆရာတော်ထံတွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိ ခဲ့ကြောင်း၊ သက်တော် ၁၉ နှစ်တွင် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ တွင် ထူးချွန်ဆုများအသီးသီးရရှိခဲ့ကာ ၂၀၀၄ ခုနှစ်တွင် Oriental Institute, University of Oxford မှ ပါရဂူဘွဲ့ကို ရရှိခဲ့ကြောင်း၊ ထို့နောက် ကမ္ဘာ့နိုင်ငံအသီးသီးသို့ အလျဉ်းသင့်သလို ကြွရောက်၍ နိုင်ငံတကာ တက္ကသိုလ်များ၊ ကောလိပ်များတွင် သာသနာပြုတာဝန်များကို ထမ်းဆောင်တော်မူခဲ့ကြောင်း၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddish University)ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာပညာရေးကဏ္ဍကို ကမ္ဘာ့ တက္ကသိုလ်ကြီးများကဲ့သို့ ဗုဒ္ဓဘာသာအတွေးအခေါ်များ၊ တရားဓမ္မများကို နိုင်ငံတကာ အဆင့်မီ သုတေသနပြုလေ့လာသင်ကြား ပို့ချနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်း လာစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူလျက်ရှိကြောင်းနှင့် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ စာပေများကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊ ရှမ်း ဘာသာ တို့ဖြင့် ရေးသားပြုစုထုတ်ဝေခြင်း၊ ဘာသာပြန်ဆိုခြင်းကိုလည်း လုပ်ဆောင် ကာ ဘာသာသာသနာတော် အကျိုးကို ကြိုးပမ်းအားထုတ်ဖော်ဆောင်တော်မူလျက် ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)