မအူပင်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


MNP ၊ အောက်တိုဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။


အဆိုပါကွင်းဆင်းစစ်ဆေးမှုအား ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွေးကိုကိုနှင့် တာဝန်ရှိသူများက ဘီးလင်း-စစ်ချောင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့် သောင်တန်း-တံခွန်တိုင်-မီးသွေးချောင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းတို့ကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ရာ မအူပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးနန္ဒာစိုးနှင့် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) (တာဝန်) ဒေါ်ထက်မြတ်မွန်တို့က လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ ကုမ္ပဏီ၏တာဝန်ခံ အင်ဂျင်နီယာများက မိမိတို့တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)