Pages

Pages

ပေါင်မြို့နယ်လူထုအခြေပြု ဗဟိုဌာန၌ အခြေခံ ခြင်းလုံးခတ်ပညာသင်တန်း အခမဲ့ ဖွင့် လှစ်






MNP ၊ အောက်တိုဘာ ၂၅

သီတင်းကျွတ် ကျောင်းပိတ်ရက်  ကာလအတွင်း ကျောင်းသား၊  ကျောင်းသူများ အား  အချိန်ကို အကျိုး ရှိစွာ အသုံး ချ တတ်စေရန် အခြေခံခြင်းလုံးခတ်ပညာရပ်အား စိတ်ပါဝင်စားပြီး အခြေ ခံ မှ စ၍လေ့လာ သင်ယူပြီး ကျွမ်းကျင် တတ်မြောက် စေရန် ရည် ရွယ် ချက် ဖြင့်  အခြေခံ ခြင်းလုံးခတ်ပညာသင်တန်း ဖွင့် ပွဲကို   ယနေ့နံနက်ပိုင်း  က ပေါင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန၊(Community-Centre) ခန်းမ၌  ပြုလုပ်သည်။


ရှေး ဦးစွာ  ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေးဦးစီး  ဌာန ဦးစီး အရာရှိ  ဒေါ်တင်ဇာစိုး ကအခြေခံခြင်းလုံးခတ်ပညာသင်တန်း ဖွင့်လှစ် သင်ကြား ရခြင်း ၏ ရည် ရွယ်ချက်များကို ရှင်း လင်း ပြောကြားပြီး သင်တန်း နည်းပြဆရာ  ဦးဇော်မိုးလွင်က ခြင်းလုံးခတ်ပညာရပ် ကို အခြေ ခံ မှ စ၍ စတင် သင်ကြားပေးခဲ့သည်။


အဆို အခြေ ခံ ခြင်းလုံးခတ်ပညာသင်တန်းသို့ သင်တန်းသား စုစုပေါင်း(၁၂)ဦး တို့ တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်း ကာလမှာ  အောက်တိုဘာလ(၂၅)ရက်နေ့မှ ( ၂၈ )ရက် နေ့ထိ (၄)ရက်ကြာ ဖွင့် လှစ် သင်ကြားပေးသွားမည် ဖြစ် ပြီ သင်တန်း တွင်အခြေခံမြန်မာ့ခြင်းလုံးပညာ များဖြစ်သည့် ရှေ့ခြေဖျား၊ရှေ့ခြေခွင်၊ရှေ့ဒူး၊ဘေးဖဝါး၊ဘေးဖနောင့်၊ဘေးဖမျက် အခြေခံအထိခြောက်ချက်တို့ကိုအခမဲ့ စနစ်တကျ သင်ကြားပေး သွားမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment