Pages

Pages

သမဝါယမအသင်းသား​တောင် သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အ​ခြေအ​နေ ကွင်းဆင်းကြည့်ရှု





MNP ၊ အောက်တိုဘာ ၂၅

  ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်တွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံစီး ပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် မိုးစပါးစိုက် ပျိုးမှုများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ​ဂါယ်​လောင်းကျေးရွာ ၊ စံပြ စိုက်ပျိုး​ရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းရှိ အသင်း သားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီး ဌာန ဦးစီးအရာရှိနှင့် တာ ဝန် ရှိသူများက ယမန်နေ့ကကွင်းဆင်းကြည့်ရှုပြီး အထွက်နှုန်းကောင်းမွန်ရေးနှင့် ပျက်စီးလေလွင့်မှုနည်းပါးရေး ဆောင် ရွက်သွားရန်ပြောကြားခဲ့သည်။ 


     အဆိုပါအသင်း၌အ သင်းသား တောင်သူ ၄၉ ဦး၏ မိုးစပါးစိုက် ပျိုးဧက ၁၅၀ ဧကတွင် GW-11 စပါးနှင့်​​ပေါ်ဆန်းရင် စပါးမျိုးများ စိုက်ပျိုးထားရှိ​ကြောင်းနှင့် အမ်းမြို့နယ်အ​နေဖြင့် သမ ဝါယမအသင်း(၄)သင်းရှိ အသင်းသား​တောင်သူ ၁၂၅ ဦး၏ မိုးစပါးစိုက် ပျိုးဧက စုစု​ပေါင်း ၃၈၀ တွင် နိုင်ငံ့စီးပွားမြှင့်တင်​ရေးရန်ပုံ​ငွေမှ မတည်ပံ့ပိုး​ငွေဖြင့် GW-11စပါးနှင့် ​​​ပေါ်ဆန်းရင် စပါးမျိုးများ စိုက်ပျိုးထားရှိ​ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment