သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၃) သတ္တမအကြိမ် အောင်မြင်စွာ ကျင်းပပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၃) သတ္တမအကြိမ် အောင်မြင်စွာ ကျင်းပပြီးစီး




MNP ၊ အောက်တိုဘာ ၂၈

အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေး ကွန်ဖရင့် (၂၀၂၃) “Conference on Science and Technology Development – 2023” ကို အောက်တိုဘာ ၂၆ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့်စာပေ ပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်၌ ကျင်းပပြုလုပ်သည်။

အဆိုပါကွန်ဖရင့်သို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ တပ်မတော်တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းတက်ရောက်နေသော သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ကိုယ်တိုင်လာရောက်စာတမ်းမဖတ်ကြားနိုင်သော Keynote Speaker များ၊ အရပ်ဘက် တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

၂ ရက်တာ ကွန်ဖရင့်ကျင်းပစဉ်ကာလအတွင်း ဖိတ်ကြားထားသော နိုင်ငံခြားသား ပညာရှင် (Keynote Speaker) စာတမ်း ၄ စောင် အပါအဝင် စုစုပေါင်း သုတေသန စာတမ်း ၁၂၃ စောင် ဖတ်ကြားနိုင်ခဲ့ပြီး ပိုစတာ ၂၃ စောင်ကို ပြသနိုင်ခဲ့ပါသည်။

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၂၃)တွင် အကောင်းဆုံး စာတမ်းဆု ၇ ဆုနှင့် အကောင်းဆုံးပိုစတာဆု ၂ ဆု ပေးအပ်ချီးမြှင့်ခဲ့ရာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်တို့မှ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက အမှာစကား ပြောကြားပြီးနောက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၃)ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)