MNP ၊ အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်တွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံစီး ပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် မိုးစပါးစိုက် ပျိုးမှုများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဂါယ်လောင်းကျေးရွာ ၊ စံပြ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းရှိ အသင်း သားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်သမဝါယမဦးစီး ဌာန ဦးစီးအရာရှိနှင့် တာ ဝန် ရှိသူများက ယမန်နေ့ကကွင်းဆင်းကြည့်ရှုပြီး အထွက်နှုန်းကောင်းမွန်ရေးနှင့် ပျက်စီးလေလွင့်မှုနည်းပါးရေး ဆောင် ရွက်သွားရန်ပြောကြားခဲ့သည်။
အဆိုပါအသင်း၌အ သင်းသား တောင်သူ ၄၉ ဦး၏ မိုးစပါးစိုက် ပျိုးဧက ၁၅၀ ဧကတွင် GW-11 စပါးနှင့်ပေါ်ဆန်းရင် စပါးမျိုးများ စိုက်ပျိုးထားရှိကြောင်းနှင့် အမ်းမြို့နယ်အနေဖြင့် သမ ဝါယမအသင်း(၄)သင်းရှိ အသင်းသားတောင်သူ ၁၂၅ ဦး၏ မိုးစပါးစိုက် ပျိုးဧက စုစုပေါင်း ၃၈၀ တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် GW-11စပါးနှင့် ပေါ်ဆန်းရင် စပါးမျိုးများ စိုက်ပျိုးထားရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment