သာစည်မြို့နယ်တွင် စားသုံးဆီများဈေးနှုန်းသက်သာစွာဖြင့် ကျေးရွာများအထိ ဆက်လက် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် စားသုံးဆီများဈေးနှုန်းသက်သာစွာဖြင့် ကျေးရွာများအထိ ဆက်လက် ရောင်းချ


MNP ၊ အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းနှင့် မိတ္ထီလာဆီကုန်သည်ကြီးများအသင်းတို့နှင့်ချိတ်ဆက်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေး လျက်ရှိရာ ယနေ့တွင်ဆီပိဿာချိန် ၂၈၆၀ ကိုကျေးရွာ လေးရွာနှင့်မြို့ပေါ်ပြည်သူများအား ရောင်းချပေးခဲ့ကြောင်းသိရသည်။


ထိုသို့ရောင်းချပေးရာတွင် သာစည်မြို့အမှတ်(၄)ရပ်ကွက် ရွှေဇီးကွက်ဆီစက်၊ ဆီနှင့်ကုန်မျိုးစုံ ရောင်းဝယ်ရေးမှ ဆီပိဿာချိန် ၁၂၁၀၊ ရွှေလယုန်ဆီစက်နှင့်ဆီရောင်းဝယ်ရေးမှ ဆီပိဿာချိန် ၃၃၀၊အောင်သုခ ဆီအရောင်း ဆိုင်မှ ဆီပိဿာချိန် ၂၂၀ တို့ကို မြို့ပေါ်ပြည်သူများအား လည်းကောင်း၊ ဦးဘဇံရွှေနဂါးပွဲရုံ၊ ဆီစက်နှင့်ဆီရောင်းဝယ်ရေးမှ ဆီပိဿာချိန် ၄၄၀ကို မြို့ပေါ်ပြည်သူများနှင့် သာစည်မြို့နယ်မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ပရဟိတအသင်းအဖွဲ့များနှင့်ဘုန်းတော်ကြီးကျောင်းများအားလည်းကောင်း၊ ဒေါ်စန်းစန်းဆီစက်နှင့် ဆီရောင်းဝယ် ရေးမှ ကပ်ကျေးအင်းကျေးရွာ၊ ကန်စွယ်ကျေးရွာ၊ ညောင်တိုကျေးရွာနှင့် ရုံးတောကျေးရွာတို့၌ ဆီပိဿာချိန် ၆၆၀ တို့ကို ကျေးရွာပြည်သူများအားလည်းကောင်း သတ်မှတ်ဈေးနှုန်းသတ်မှတ် ချက်များနှင့်အညီ ရောင်းချပေးရာ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင် စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသက်ချိုဦးက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆီများရောင်းချပေးရာတွင် ဆီပိဿာချိန် ၁၈၇၀ မှာ မိတ္ထီလာဆီကုန်သည်ကြီးများအသင်းမှ ရရှိခြင်းဖြစ်ပြီး ဆီပိဿာချိန် ၉၉၀ မှာ ရွှေဇီးကွက်ဆီစက်၊ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးမှ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်း အောင်သပြေကုမ္ပဏီနှင့် ချိတ် ဆက်ဝယ်ယူကာ ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)