တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ၂၀၂၃ ခုနှစ် မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့အကြား အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းပို့ဆောင်ရေးလမ်းကြောင်း ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်တွင် မိန့်ခွန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ၂၀၂၃ ခုနှစ် မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့အကြား အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းပို့ဆောင်ရေးလမ်းကြောင်း ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်တွင် မိန့်ခွန်းပြောကြား





MNP ၊ အောက်တိုဘာ ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ထိန်ချုံးခရိုင်တွင် ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ တို့အကြား အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်း ပို့ဆောင်ရေး လမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါဖိုရမ်၌ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲတို့၏ အစိုးရများအကြား နီးကပ်သည့် ဆက်ဆံရေးလည်း ရှိကြပြီး ကုန်သွယ်မှု ဆက်ဆံရေးနှင့် ပြည်သူအချင်းချင်းဆက်ဆံရေးတို့တွင်လည်း ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ရှိကြပါကြောင်း၊ ယင်းအချက်ကို အသုံးပြု၍ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အတွက်တွင်သာမက ဒေသတွင်းနိုင်ငံများ အကျိုးဖြစ်ထွန်းရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရန် မျှော်လင့်ပါကြောင်း၊ ထို့ပြင် တည်ရှိပြီးဖြစ်သော တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ လမ်းကြောင်းမှတစ်ဆင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုန်စည် စီးဆင်းမှုများနှင့် ပြည်သူအချင်းချင်းကြား ကူးလူးဆက်ဆံမှုများ တိုးတက်လာစေရေး ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုကြောင်း ဖြင့်ပြောကြားခဲ့သည်။

ယခုကျင်းပသည့် ဖိုရမ်သို့ ပေါင်စန်းပြည်နယ်ခွဲ၊ ဒုတိယအုပ်ချုပ်ရေးမှူး၊ ထိန်ချုံးခရိုင်၊ အုပ်ချုပ်ရေးမှူး၊ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ စီးပွားရေးအသင်းအဖွဲ့များမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

           

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)