MNP ၊ အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ ဆီကုန်သည်များနှင့် ပူးပေါင်းပြီး ယနေ့ နံနက် ၇ နာရီက စည်ပင် သာယာခန်းမ၌ ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့စားအုန်းဆီများ ရောင်းချပေးရာတွင် ပြည်သူများ သက်သာသောနှုန်းဖြင့် ဝယ်ယူနိုင်စေရန် လူတစ်ဦးလျှင် စားသုံးဆီ ၅၀ ကျပ်သားကို ၂၆၀၀ ကျပ်ဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခြင်းဖြစ်ပြီး လူဦးရေ ၁၅၆၀ ဦးအတွက် စားအုန်းဆီ ပိဿာ ၇၈၀ ရောင်းချပေးခဲ့ ကြောင်း သိရသည်။
အဆိုပါခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လာရောက်ပြသူ ဝေဒနာရှင်များအား အခမဲ့ကျန်းမာရေးစမ်းသပ်စစ်ဆေး ကုသပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း
https://t.me/MyanmarNationalPost
No comments:
Post a Comment