အစ္စရေးစစ်တပ်သည် ဂါဇာတွင် မြေပြင်စစ်ဆင်ရေးများ တိုးချဲ့ကာ ဟားမတ်စ်ပစ်မှတ် ၆၀၀ ကို တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးစစ်တပ်သည် ဂါဇာတွင် မြေပြင်စစ်ဆင်ရေးများ တိုးချဲ့ကာ ဟားမတ်စ်ပစ်မှတ် ၆၀၀ ကို တိုက်ခိုက်


တဲလ်အဗွီ၊ အောက်တိုဘာ ၃၀

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် မကြာသေးမီရက်များအတွင်း နယ်မြေအတွင်း အစွန်းရောက် ဟားမတ်စ်အဖွဲ့၏ စစ်ဘက်ပစ်မှတ် ၆၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး ဂါဇာကမ်းမြှောင်တွင် မြေပြင်စစ်ဆင်ရေးများကို ဆက်လက်တိုးချဲ့လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်သည်။

“ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ IDF ဟာ ဂါဇာကမ်းမြောင်ဒေသမှာ မြေပြင်စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ လက်နက်သိုလှောင်ရုံတွေ၊ တင့်ကားဖျက်ဒုံးကျည် ဒါဇင်နဲ့ချီတဲ့ နေရာတွေအပြင် ဟားမတ်စ် ပုန်းအောင်းနေတဲ့ နေရာတွေအပါအဝင် အကြမ်းဖက်ပစ်မှတ် ၆၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပါတယ်။ ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဂါဇာကမ်းမြှောင်မှာ အကြမ်းဖက်သမားတွေနဲ့ ထိပ်တိုက်တွေ့မှုတွေအတွင်း IDF တပ်ဖွဲ့တွေက အဆောက်အဦတွေနဲ့ ဥမင်လိုဏ်ခေါင်းတွေမှာ ပိတ်ဆို့ထားတဲ့ အကြမ်းဖက်သမား ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ညတွင်းချင်းပဲ IDF တပ်ဖွဲ့ဝင်တွေဟာ လက်နက်ကိုင် အကြမ်းဖက်သမားတွေကို ဖော်ထုတ်ခဲ့ပါတယ်။ Al-Azhar တက္ကသိုလ် ဧရိယာမှာ တင့်ကားဒုံးကျည်ပစ်လွှတ်တဲ့စခန်းရှိနေပြီး သူတို့ကို တိုက်ခိုက်ဖို့ ညွှန်ကြားခဲ့ပါတယ်” ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်အား ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်ကို အံ့အားသင့်စွာ တိုက်ခိုက်ခဲ့ရာတွင် အောက်တိုဘာ ၇ ရက်က အစွန်းရောက် ပါလက်စတိုင်းအဖွဲ့မှ ဟားမတ်စ် စစ်သွေးကြွများက အစ္စရေးနယ်စပ်တွင် အခြေချနေထိုင်သူများ သေဆုံးခဲ့ပြီး ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဓားစာခံများ သိမ်းပိုက်ခံရချိန်တွင် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ထပ်မံဖြစ်ပွားခဲ့သည်။ အစ္စရေးသည် ဂါဇာကမ်းမြှောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာခဲ့ပြီး ဂါဇာအပြင် လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများတွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ အနောက်ဘက်ကမ်းမှာလည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)