ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ဦးစီး၍ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးများကို စီမံကွပ်ကဲလျက်ရှိကြောင်း သတင်း ထွက်ပေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် ဦးစီး၍ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးများကို စီမံကွပ်ကဲလျက်ရှိကြောင်း သတင်း ထွက်ပေါ်



MNP ၊ အောက်တိုဘာ ၃၁

ရှမ်းပြည်မြောက်ပိုင်းတွင် MNDAA, TNLA, AA အကြမ်းဖက်သောင်းကျန်းသူများက တပ်စခန်း၊ ရဲစခန်းများနှင့် အရပ်ဘက် ပစ်မှတ်များကို တိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်လုပ်ဆောင်လာခဲ့ရာ တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေး ဆောင်ရွက်လျက်ရှိသည်။

တပ်မတော်နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသည့် သတင်းများအရ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးများကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် စီမံကွပ်ကဲလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ယမန်နေ့က ထွက်ပေါ်လာသည့် ရုပ်သံတစ်ခုတွင်လည်း အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေးကို နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင် စီမံကွပ်ကဲလျက်ရှိကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

နစကအစိုးရ တာဝန်ယူဆောင်ရွက်နေသည့် ကာလတလျှောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် KIA အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်ခဲယမ်း ထုတ်လုပ်၊ သိုလှောင်ရာ နေရာများကိုလည်း သင့်လျော်သည့် တုန့်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)