သံဖြူဇရပ်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာ သင်ယူနိုင်မှု အခွင့်အလမ်းများဆိုင်ရာဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာ သင်ယူနိုင်မှု အခွင့်အလမ်းများဆိုင်ရာဟောပြောပွဲပြုလုပ်



MNP ၊ အောက်တိုဘာ  ၄

မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အလယ်တန်းအဆင့် Grade–9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ပညာ့ဗိမာန်)ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မော်လမြိုင်ခရိုင်ပညာရေးမှူးဒေါက်တာခင်သူဇာက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအားလုံး  အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူခွင့်ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် အခြေခံအထက်တန်းကျောင်းများ၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို တွဲဖက်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။


ထို့နောက်  ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မေမီမီခိုင်မှ  အလယ်တန်းအဆင့် Grade-9 သင်ယူအောင်မြင်ပြီးသူများအတွက် ပညာသင်ယူနိုင်မည့်အခွင့်အလမ်း(၄)သွယ်ကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမ(၁၅၀)ဦးနှင့် ဒုမြို့နယ်ပညာရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)