အမ်းမြို့နယ်၌ စားသုံးသူများအန္တရာယ်ကင်းစွာစားသုံးနိုင်ရေးနှင့်မီးဘေးအန္တ ရာယ်ကင်းရှင်းရေးစာသောက်ဆိုင်များရှောင်တခင်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ စားသုံးသူများအန္တရာယ်ကင်းစွာစားသုံးနိုင်ရေးနှင့်မီးဘေးအန္တ ရာယ်ကင်းရှင်းရေးစာသောက်ဆိုင်များရှောင်တခင်စစ်ဆေး





MNP ၊ အောက်တိုဘာ  ၄

      ရခိုင်ပြည်နယ်၊အမ်းခရိုင်၊ အမ်းမြို့ နယ် ၌ စားသုံးသူများ သန့်ရှင်းသောအ စားအစာများအန္တရာယ်ကင်းစွာစားသုံးနိုင်စေရေးနှင့်မီးဘေးအန္တ ရာယ်ကင်းရှင်းရေးအတွက်စာသောက်ဆိုင်များအားရှောင်တခင်ဝင်​ရောက်စစ်ဆေးယဲခြင်း ကိုယနေ့ နံနက် ၁၀ နာရီအချိန်တွင်အမှတ်(၃)စျေးရပ်ကွက်၊လေယာဥ်ကွင်း ရပ် ကွက်နှင့်အောက်ရွာကျေးရွာတို့ရှိ ထမင်းဆိုင်များနှင့် စာသောက်ဆိုင်များအား မြို့ နယ်စားသုံးသူကာကွယ်ရေးနှင့် မီးဘေးအန္တ ရာယ်ကင်းရှင်းရေကြီးကြပ် ကွတ်ကဲရေးအဖွဲ့မှကွင်းဆင်းစစ်ဆေး ဆောင် ရွက်ခဲ့သည်။


   အဆိုပါ စားသုံးသူကာကွယ်ရေးနှင့် မီး ဘေးအန္တ ရာယ် ကင်းရှင်းရေးကြီး ကြပ် ကွတ်ကဲရေးအဖွဲ့မှကွင်းဆင်းစစ်ဆေးရေးကော်မတီဥက္ကဌကိုယ်စားဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးရွှေ အေး၊မြို့နယ် စားသုံးသူရေးရာဦးစီးမှူးဦးမောင်ကျော်မြင့်၊မြို့နယ်စည်ပင်အမှု ဆောင်အရာရှိဦးကျော်ကျော်နိုင်၊မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဇင်မင်း၊မြို့နယ်မီးသတ်ဦးစီးမှူးဦးအောင်သန်းဌေး၊မြို့နယ် ကျန်မာရေးဦးစီးဌာန၊မြို့ နယ်ရဲတပ်ဖွဲ့၊အခွန်ရုံး ပူး ပေါင်းအဖွဲ့တို့ဖြင့် ရွှေ​ပြည်ရခိုင်ထမင်းဆိုင်၊ သာလီစွ စားသောက်ဆိုင်၊ကိုသံကြီးထမင်းဆိုင်၊ထူးကဲစားသောက် ဆိုင်များအားရှောင် တခင်သွားရောက်၍ စားသုံးသူများ အ စားအသောက်များစားသုံးရာ၌ သန့်ရှင်းသပ်ရပ်ပြီးအန္တ ရာယ်ကင်းရှင်း စွာစားသုံးနိုင်ရန် ဆောင် ရွက်ထားခြင်းရှိမရှိမီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက်လျှပ်စစ်ဝါယာများစနစ်တကျ တပ်ဆင်ဆောင် ရွက်ထားမှုရှိမရှိ ၊မီးဘေးအန္တ ရာယ်ကျရောက် လာပါက ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက်မီးဘေးကာကွယ်​ရေးပစ္စည်းများ ဆောင်ရွက်ထားခြင်းရှိ မရှိ၊ စွန့်​ပြစ်အမှိုက်များအားစနစ်တကျစွန့်ပြစ်စနစ်ဆောင် ရွက်ထားခြင်းရှိ မရှိတို့အားရှောင်တခင်သွား ရောက် ၍ကွင်းဆင်းစစ်ဆေးကာလိုအပ်သည် များအားတာဝန်ရှိသူများကလမ်း ညွှန်မှာကြားခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)