MNP ၊ အောက်တိုဘာ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိ ပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန် ကြက်ဈေးရပ်ကွက် ဘုန်းတော်ကြီး ကျောင်း၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဦးကျော်ဆန်းနိုင် က "လေထုညစ်ညမ်းမှု" နှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် မော်တော်ယာဉ်များ၊ စက်ရုံများ၊ ပိုမို များပြားလာသည်နှင့်အမျှ နေ့စဉ်အသက်ရှင်ရပ်တည်နိုင်ရန် မဖြစ်မနေ လိုအပ်နေသည့် ရေ၊ လေ နှင့် အစားအသောက်များသည်လည်း ညစ်ညမ်းလာနိုင်ကြောင်း၊ ထပ်မံ၍ လေထုညစ်ညမ်းမှု ကြောင့် ကျန်းမာရေးဆိုးကျိုးတွင် အသက်ရှူကြပ်ခြင်း၊ မျက်လုံးကျိန်းစပ်ခြင်း၊ အသားအရေ ခြောက်သွေ့လာနိုင်ခြင်း စသောအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်တတ်စေရန်နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းတတ်စေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment