MNP ၊ အောက်တိုဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကင်းကုန်းရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDFအကြမ်းဖက်သမားများ ထိတွေ့မှုဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်သမား ၁ဦး အသေဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ PDF အကြမ်းဖက်သမား ထံမှ ပစ္စတို၁ လက်၊ ကျည်အိမ်၁ ခု၊ ကျည်၁၀ တောင့်၊ ၄၀ မမလက်လုပ်ဗုံးသီး ၁၃ လုံး၊ လွယ်အိတ်၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အောက်တိုဘာလ ၂ရက်နေ့က ချောင်းဦးမြို့နယ်၊ ရွှေလှကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းကို ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား ၁၀ ဦးအသေဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရယူနိုင်ခဲ့သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment