ဟုမ္မလင်းမြို၌ အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃-၂၀၂၄) ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို၌ အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃-၂၀၂၄) ဖွင့်ပွဲ ကျင်းပ



MNP ၊ အောက်တိုဘာ  ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ဟုမ္မလင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းအမှတ်စဉ် (၁/၂၀၂၃-၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက် (၇) နာရီက ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပ​ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းစရိတ် ထောက်ပံ့ငွေပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က လက်ခံခဲ့သည်။


အဆိုပါသင်တန်းကို သင်တန်းနည်းပြဆရာများက စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ရက်ပေါင်း (၃၀)ဖြစ်ကြောင်း၊ သင်တန်းသား (၃၀)ဦး တက်ရောက်ကြမည်ဖြစ် ကြောင်း သိရသည်။


အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြုပြင်ထိန်းသိမ်းရမည့် မော်တော်ဆိုင်ကယ် အစိတ်အပိုင်းများနှင့် ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်သည့် ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုခဲ့​ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)