ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


MNP ၊ အောက်တိုဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယနေ့နံနက် (၉:၃၀)အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဆေးကုသပေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုမှ လာရောက်အားပေးကြည့်ရှုကာ လိုအပ်သည်များကိုမှာကြား၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုး ဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါအစရှိသော ရောဂါများကို အခမဲ့စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။


ထို့နောက် နိုင်ငံဝန်ထမ်းအငြိမ်းစားများကို​​ နံနက် (၉:၃၀)အချိန်မှ ညနေ (၄:၀၀)အချိန်ထိ အခမဲ့ဆေးကုသပေးလျက်ရှိရာ အမျိုးသားလူနာသစ် (၁၁)ဦး၊ အမျိုးသားလူနာဟောင်း (၃၅)ဦး၊ အမျိုးသမီးလူနာသစ် (၉)ဦး၊ အမျိုးသမီးလူနာဟောင်း (၂၄)ဦး၊ စုစုပေါင်း (၇၉) ဦးခန့်ဆေးကုသမှုခံယူလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။


လပြည့်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)