MNP ၊ အောက်တိုဘာ ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့သည် ယနေ့နံက် ၁၁ နာရီအချိန်က တိုက်ကြီးခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီရုံး အစည်းအဝေးခန်းမ၌ တိုက်ကြီးခရိုင်ကော်မတီဝင်များနှင့် မြိုနယ်ကော်မတီဝင်များအား သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက တက်ရောက်လာသူများအား နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပါတီအောင်နိုင်ရေးကိစ္စများနှင့် စည်းရုံးရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးတာဝန်ခံ ဒေါ်ဇာခြည်လင်းက ပါတီဝင်အင်အားစာရင်း Application ဖြည့်သွင်းခြင်းဆိုင်ရာကိစ္စများ၊ ပုံစံ(ဇ)ဖြည့်သွင်းခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပြီး တိုက်ကြီး၊ မှော်ဘီ၊ အင်းစိန်၊ မင်္ဂလာဒုံခရိုင်ပါတီဥက္ကဋ္ဌတို့မှ ပါတီလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို တင်ပြဆွေးနွေးခဲ့ကြပြီး ဦးခင်မောင်စိုးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ယခုကာလတွင် ပြည်သူများ၏ အခက်အခဲများကို ကူညီဖြည့်စည်းပေးနိုင်ရေး ပြည့်မဏ္ဍိုင်အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment