သံဖြူဇရပ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေးဟော ပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေးဟော ပြောပွဲကျင်းပ




MNP ၊ အောက်တိုဘာ ၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ပငကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းငွေထွန်းက ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးဖြစ်ပေါ်လျက်ရှိရာ လေဘေး၊ ရေဘေးအန္တရာယ်များအပြင် အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်းများကို ကမ္ဘာပေါ်ရှိအခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တွေ့ကြုံခံစားနေရပါကြောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလမှစ၍ အယ်လ်နီညို ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် အပူလွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ တောမီးလောင်ခြင်းများဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့်အယ်လ် နီညိုရာသီဥတု သက်ရောက်မှုကြောင့် တိရစ္ဆာန်များတွင်အစာများရှားပါးခြင်း၊ ကျန်းမာရေးထိခိုက်ခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းစသည့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သဖြင့် ဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရေးအတွက် မွေးမြူရေးဆောင်ရွက်နေသောတောင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ရ မည့်အချက်များဖြစ်သည့်အချက် (၁၀) ချက်ကို အသိပေးရှင်းလင်းဆွေးနွေးသည်။

ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကြင်သိန်းက စိုက်ပျိုးရေးတောင်သူများအား အယ်လ်နီညိုဖြစ်စဉ်သက်ရောက်မှုကြောင့် ရေလုံလောက်စွာ ရရှိနိုင်ရေးကြိုတင်ပြင်ဆင်မှုအနေဖြင့် တောင်သူများအား နွေစပါးများကို စိုက်ပျိုးရာသီ အမီစောလျင်စွာ စိုက်ပျိုးပေးစေလိုကြောင်း ဆွေးနွေးပြီး၊ တက်ရောက်လာကြသည့် တောင်သူမျာမှသိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)