MNP ၊ အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မိတ္ထီလာမြို့ ဝန်ဇင်းဈေး၌ ပြည်သူ့သက်သာဈေး အရောင်းဆိုင်ကို ယနေ့နံနက် ၇ နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်တွင် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥ၊ ဝက်သား၊ ဆိတ်သား၊ အမဲ သား၊ ငါး၊ ပုစွန်၊ ခေါက်ဆွဲ စသည့်အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးရာ ဈေးရောင်းဈေးဝယ်နေမှုအခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ ၎င်းပြည်သူ့သက်သာဈေးအရောင်းဆိုင်တွင် ရောင်းချသည့် အခြေခံစားသောက်ကုန်များကို ထုပ်ပိုးရောင်းချပေးရာတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချစေရေးနှင့် ပလတ်စတစ်သုံးစွဲမှု ကင်းစင်ပပျောက်ရေးအတွက် ပလတ်စတစ်အစားထို အင်ဖက်၊ သတင်းစာစက္ကူများဖြင့် ထုပ်ပိုးရောင်းချပေးခဲ့သည်။
အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများတွင် အပတ်စဉ်အလိုက် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ
https://t.me/MyanmarNationalPost
No comments:
Post a Comment