အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် သုတေသနစာတမ်း ၂၄ စောင် တင်သွင်းဖတ်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် သုတေသနစာတမ်း ၂၄ စောင် တင်သွင်းဖတ်ကြား



MNP ၊ အောက်တိုဘာ ၃

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင် ၇၀၀)၊ ဇီဝက ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ကျွမ်းကျင်သူ(အရာရှိ) များ၊ သူနာပြု/ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှဆေးပညာရှင်များ၊ နိုင်ငံတကာမှဆေးပညာရှင်များ၊ အငြိမ်းစား အရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ အကြိမ်(၃၀)မြောက်မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ၏ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို ဆေးဝန်ထမ်းညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားကာ ဖွင့်လှစ်ပေးသည်။

ထို့နောက် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးနှင့် ဧည့်သည်တော်များမှ ခင်းကျင်းပြသထားသော သုတေသနပိုစတာများအား လှည့်လည်ကြည့်ရှုခဲ့သည်။

ယင်းနောက် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ပထမနေ့အစီအစဉ်များကို ဆက်လက်ကျင်းပရာ Symposium of the Conference အဖြစ် Artificial Intelligence (AI) in Healthcare 4.0 ၊ ဆေးပညာရပ်ဆိုင်ရာအကြောင်းအရာများစွာနှင့် Special Talk ၅ ခုတို့ကို ဆွေးနွေးခဲ့ကြသည်။

၎င်းအပြင် သုတေသနစာတမ်းများအဖြစ် ဆေးပညာ၊ သားဖွားနှင့် မီးယပ်ရောဂါပညာ၊ ပြည်သူ့ကျန်းမာရေး၊ မေ့ဆေးပညာ စသည့်ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း ၁၉ စောင်၊ ကျန်းမာရေးဝန်ကြီးဌာနမှသုတေသနစာတမ်း ၄ စောင်နှင့် ထိုင်းဘုရင့်တပ်မတော်ဆေးရုံကြီးမှ သုတေသနစာတမ်း ၁ စောင် စုစုပေါင်း သုတေသန စာတမ်း ၂၄ စောင်တို့အား ပါဝင်ဖတ်ကြားတင်သွင်းကြသည်။

အဆိုပါ အကြိမ်(၃၀)မြောက်  မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူ စုစုပေါင်း  ၃၁၄ ဦးတက်ရောက်ခဲ့ပြီး Online မှ တက်ရောက်သူများအနေဖြင့် အခြားတပ်မတော်ဆေးရုံဆေးတပ်အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ကျွမ်းကျင်သူ(အရာရှိ)နှင့် သူနာပြု/ကျွမ်းကျင်သူများနှင့် အိန္ဒိယတပ်မတော်ဆေးတပ်ဖွဲ့တို့မှ တက်ရောက်သူစုစုပေါင်း ၁၁၂ ဦး တက်ရောက်ကြ ကြောင်းနှင့် အောက်တိုဘာလ ၅ ရက်နေ့ထိ ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။


ဆေးဝန်ထမ်းညွှန်ကြားရေးမှူးက ယနေ့နေ့လည်ပိုင်းတွင် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ကမ္ဘောဒီးယားဆေးတပ်ဖွဲ့မှ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Kong Saly ဦးဆောင်သောအဖွဲ့၊ ထိုင်းဘုရင့် တပ်မတော်ဆေးရုံကြီး၏ ဒုတိယဆေးရုံအုပ်ကြီး ဗိုလ်မှူးချုပ် Piyalarp Watsuwat ဦးဆောင်သောအဖွဲ့၊ ဗီယက်နမ်ဆေးတပ်ဖွဲ့မှ ဒုတိယဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် Le Van Dong ဦးဆောင်သောအဖွဲ့နှင့် လာအိုဆေးတပ်ဖွဲ့မှ ဒုတိယ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး Phouvilay Phounsavath ဦးဆောင်သော အဖွဲ့၊ အိန္ဒိယနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ပါရဂူများအား အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင် ၇၀၀)ရှိ ဧည့်ခန်းမတွင် အသီးသီး တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်များ၏ ဆေးပညာရပ်ဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

        

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)