တရုတ်နှင့် ရုရှား ပူးပေါင်းဆောင်ရွက်နေမှုအပေါ် အမေရိကန် ကွန်ဂရက် စိုးရိမ်မှု မြင့်တက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နှင့် ရုရှား ပူးပေါင်းဆောင်ရွက်နေမှုအပေါ် အမေရိကန် ကွန်ဂရက် စိုးရိမ်မှု မြင့်တက်


MNP ၊ အောက်တိုဘာ ၁၃

မော်စကိုနှင့် ပေကျင်းတို့၏ ပေါင်းစပ်အင်အားကို ရင်ဆိုင်ရန်အတွက် ဝါရှင်တန်သည် ၎င်း၏နျူကလီးယားလက်နက်တိုက်နှင့် သမားရိုးကျစစ်လက်နက်များကို အရှိန်မြှင့်၍ တိုးချဲ့ရန် လိုအပ်သည်ဟု ကွန်ဂရက်လွှတ်တော် မဟာဗျူဟာလေ့လာရေးကော်မရှင် က ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ၎င်း၏နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

“အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် ရန်သူနှစ်ဦးလုံးကို တစ်ပြိုင်နက် ဟန့်တားအနိုင်ယူရန် အသင့်ရှိရမည်” ဟု ကော်မရှင်က ပြောကြားခဲ့သည်။ “အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း နဲ့ ၎င်းရဲ့ စံတန်ဖိုးတွေဟာ တရုတ်နဲ့ ရုရှား အာဏာရှင် အစိုးရတွေရဲ့ အန္တရာယ် ကျရောက်နေပါတယ်။"ဟု ဖော်ပြခဲ့သည်။

ကော်မရှင် က "ရုရှားနှင့် တရုတ်တို့ ပူးပေါင်းလုပ်ဆောင်နေသည့် တိကျသည့် အထောက်အထားကို မဖော်ထုတ်နိုင်သေးသော်လည်း ကျွန်တော်တို့ စိုးရိမ်ပါတယ်။ သူတို့ကြားက တစ်နည်းနည်းနဲ့ အဆုံးစွန်သော ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိနိုင်တယ်၊ ဒါက စစ်ပွဲနှစ်ရပ် တည်ဆောက်မှုဆီကို ရောက်သွားနိုင်တယ်” ဟု အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးက Reuters သတင်းဌာနသို့  ပြောကြားခဲ့သည်။  သတင်းပေးပို့သည်။ လက်ရှိ အမေရိကန် အမျိုးသားလုံခြုံရေး မဟာဗျူဟာသည် ရန်သူတစ်ဦးကို အနိုင်ယူပြီး နောက်တစ်ဦးကို ဟန့်တားရန် တောင်းဆိုထားသည်။

တရုတ်နှင့် ရုရှားတို့၏ ပေါင်းစပ်ခြိမ်းခြောက်မှုသည် ၂၀၂၇ ခုနှစ်အစောပိုင်းတွင် ပြင်းထန်လာမည်ဖြစ်သောကြောင့် “နိုင်ငံတော်အား ပြင်ဆင်နိုင်စေရန်အတွက် ယခုဆုံးဖြတ်ချက်များချရန် လိုအပ်သည်” ဟု ကော်မရှင်က ဖော်ပြခဲ့သည်။ အစီရင်ခံစာပါ တွေ့ရှိချက် ၁၃၁ ခုနှင့် အကြံပြုချက် ၈၁ ခုသည် သမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့များနှင့် နျူးကလီးယားလက်နက်တိုက် နှစ်ခုစလုံးကို ကြီးမားစွာ တိုးချဲ့ရန် လိုအပ်ကြောင်း ညွှန်းဆိုသည်။


Ref -  RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)