MNP ၊ အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ၊ မောင်တော-ကြိမ်ချောင်းသွား ကားလမ်းမအတိုင်း ဆိုင်ကယ် မောင်းနှင်းလာသူ တစ်ဦးထံမှ အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မောင်တော-ကြိမ်ချောင်းသွား ကားလမ်း၏ အနောက်ဘက် ကျီးကန်းပြင် (အနောက်ရွာ) (ရွာပျက်)ဗလီ ပျက်အနီး လူ ၂ ဦးလိုက်ပါလျက် တောလမ်း အ တိုင်း မောင်းနှင်းလာသော ဆိုင်ကယ်တစ်စီးအား တွေ့ရှိ၍ ရပ်တန့်စစ်ဆေးရာ မောင်တောမြို့နယ် ကျီးကန် ပြင်ကျေးရွာအုပ်စု ၊ အောင်သာယာကျေးရွာနေ အောင်သိန်းလှ ၆၂ နှစ် (ဘ)ဦးယိုင်ထွန်းစံ နှင့် တစ်ရွာ တည်းနေ ဦးသိန်းဇော် ၄၆ နှစ် (ဘ)ဦးမြမောင်တို့သည် ဆိုင်ကယ်ပေါ်မှ တင်ဆောင်လာသော ဆာလာ အိတ် အား စစ်ဆေးရာ ပီနံအိတ်အတွင်းမှ WY/R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရှုးသွပ်ဆေးပြား ဆီစိမ်စက္ကူဖြင့် ထုပ်ပတ် လျက်(၁)ထုပ်လျှင် ၉၇၅၀ ပြားပါ ၁၅ ထုပ် စုစုပေါင်းဆေးပြား ၁၄၆၂၅၀ ပြား ၊ အလေးချိန် ၁၄၆၂၅ ဂရမ်ခန့် နှင့် ၎င်းတို့ စီးနင်းလာသော MDY 74W-62245 နံပါတ်ပါ CZI အမျိုးအစား နီ/နက်ရောင် လိုင်စင်စိစစ်ဆဲတစ်စီး ၊ ၎င်းတို့ကိုင်ဆိုင်သော ဖုန်းနှစ်လုံးအား သိမ်းဆည်းခဲ့မူးယစ်ဆေးဝါးများ နှင့် အတူ လက်ဝယ်တွေ့ရှိသူ အောင် သိန်းလှ ၊ ဦးသိန်းဇော် နှင့် ဆက်စပ်တရားခံ များဖြစ်သော ဦးမောင် နှင့် ကိုကိုကျော်တို့ ၄ ဦးအား ပြင်ဖြူ နယ်မြေ စခန်းတွင် မယ (ပ) ၄/၂၀၂၃ ၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁အရ အမှု ဖွင့်လှစ် ကာ တရားဉပဒေအရ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက် လျှက် ရှိ သိရ သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment