MNP ၊ အောက်တိုဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပအိုဝ်း၊ ဓနု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒေသ၏ ပညာရေး၊ ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး စသည့် လိုအပ်ချက်များ၊ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်များကို မိမိတို့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးရန်နှင့် လိုအပ်ပါက ပြည်ထောင်စုအဆင့်မှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ဒေသခံပြည်သူ လူထုနှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ဒေသ၏ လိုအပ်ချက်များအပေါ် ပြည်နယ် အစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့် ဆောင်ရွက်နိုင်သည့်အပိုင်းကို ပြည်နယ်ဝန်ကြီးချုပ်က ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုမှ ဆောင်ရွက်ပေးရမည့် ကဏ္ဍများကို ပြည်ထောင်စုအဆင့်သို့ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ တက်ရောက်လာကြသော ပအိုဝ်း၊ဓနု၊အင်း စာပေယဉ်ကျေးမှုအဖွဲ့များ နှင့်ရှမ်းပြည်နယ် (တောင်ပိုင်း) ဆန်စက်လုပ်ငန်းရှင်များအသင်း၊ အာလူး လုပ်ငန်းရှင်များ အသင်း၊ မဲနယ်တောင်ဒေသ ကော်ဖီစိုက် အစုအဖွဲ့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီလုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများက ဒေသလိုအပ်ချက်များ တင်ပြဆွေးနွေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက် တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း တို့က တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment