မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ



MNP ၊ အောက်တိုဘာ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်မင်္ဂလာခန်းမတွင် ယနေ့နံနက် (၉:၀၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးခြင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးလင်းဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်များအား သဘာဝဘေးကျရောက်လျှင် အတတ်နိုင်ဆုံးလျော့ချရေး၊ မိမိအနီးအနားရှိပစ္စည်းများအား အကောင်းဆုံးအသုံးချတတ်စေရန်၊ သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင်သော ဖြစ်စဉ်တစ်မျိုးဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုအရ အချိန်ကာလတစ်ခုအတွင်း အရပ်ဒေသတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အရပ်ဒေသများသို့ အလျင်အမြန်ကျရောက်တတ်သည့် သဘောသဘာဝမျိုးလည်းဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးအတွက် မည်သို့ဆောင်ရွက်ရမည်ကို ရှင်းရှင်းလင်းလင်းသိရှိကာ အတူပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးတို့အား ဂိမ်းကစားနည်း၊ လက်တွေ့အသုံးချနည်းများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)