ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်(ဒုတိယအကြိမ်) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆင်အကအလှပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ကျောက်ဆည်မြို့   ဆင်အကအလှပြိုင်ပွဲသည် ဒေသရိုးရာပွဲဖြစ်သည့်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြုလုပ်ရာတွင် တစ်ရက်တည်း၊တစ်နေရာတည်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း၊ MRTV၊ မြန်မာ့အသံရေဒီယိုများတွင် ဆင်ပွဲတော်ကျင်းပမည့် အစီအစဉ်များ ထုတ်လွှင့်ပြီးဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး ဆင်အလှ အကပြိုင်ပွဲကျင်းပရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌဦးအောင်ဇော်ဦးက ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်(၃)စီး၊ ရိုးရာလူကြီးဆင်(၆)စီး၊ ရိုးရာကလေးဆင်(၄)စီး၊အသက်ကြီးဆင်(၃)စီး၊ တီထွင်ဆန်းသစ်မှုဆင်(၂)စီး၊ ပြိုင်ပွဲဝင်ဆင်(၁၇)စီးနှင့် မြို့မဈေးပတ်ဆင်များအပါအဝင်စုစုပေါင်း ဆင်(၁၀၃) စီးဖြင့်  နံနက် (၈)နာရီတွင် ဆင်အကအလှပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပသွားမည် ဖြစ်ပြီး အမှတ်ပေးဒိုင်များရွေးချယ်ထားရှိမှုနှင့် ဆုချီးမြှင့်ခြင်းအစီအစဉ်များအား ရှင်းလင်း ဆွေးနွေးခဲ့ သည်။


ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဆင်အကအလှပြိုင်ပွဲလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများမှ ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် လုပ်တာဝန်များအား ဆွေးနွေးတင်ပြကြရာ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းနှင့်ဆင်အက အလှပြိုင်ပွဲကို ၁၃၈၅ ခုနစ်၊ သီတင်းကျွတ်လဆန်း(၁၄)ရက်၊၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၂၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးကြပ်၍ ကျောက်ဆည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)