မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းသည် “ ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ” ဆိုသကဲ့သို့ ရှုပ်ထွေးမှုများရှိပါတယ်။ လွတ်လပ်ရေးမရမီကတည်းက ရှုပ်ထွေးအောင် ကြိုတင်ဆောင်ရွက်မှုများလည်း ရှိခဲ့ပါတယ်။ နိုင်ငံ့လွတ်လပ်ရေးကို ဦးစားပေးစဉ်းစားရချိန်နှင့် အချိန်ကန့်သတ်ချက်များကြောင့် အနာဂတ်ပြည်ထောင်စု နိုင်ငံတော်အရေးနှင့် နိုင်ငံရေးလမ်းစဉ်များကို ထိုအချိန်က အမျိုးသားရေးနှင့် နိုင်ငံရေး ဦးဆောင်နေသည့် ခေါင်းဆောင်များ၏ စိတ်ကြိုက်ချမှတ်နိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုရပါမယ်။
လွတ်လပ်ရေးရပြီးချိန်တွင်လည်း ထိုနည်းလည်းကောင်းပါပဲ။ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုမှ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့မှုများရှိခဲ့ပါတယ်။ မြန်မာနှင့်အမေရိကန်သည် ရန်ဘက် နိုင်ငံများမဟုတ်ပါဘူး။ စစ်ဖြစ်ပွားဖူးခြင်းလည်းမရှိခဲ့ပါဘူး။ ယုတ်ဆွအဆုံး အရှေ့တောင်အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သော ဗီယက်နမ် စစ်ပွဲ၌ပင် မြန်မာတို့ပါဝင်ပတ်သက်မှုမရှိခဲ့ပါဘူး။
သို့သော် ယနေ့ကာလအထိ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ရန်သူသဖွယ်သဘောထားခြင်းမှာ ကြီးမားသောနောက်ခံအကြောင်းရှိနေတယ်လို့ ဆိုရပါမယ်။ အရှေ့တောင်အာရှဒေသတွင် အမေရိကန်ဦးဆောင်သော SEATO အဖွဲ့ကို ၁၉၅၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါတယ်။ ၎င်းအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ အရှေ့တောင် အာရှဒေသအတွင်း ကွန်မြူနစ်စနစ်မပြန့်ပွားရေးပင်ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်၊ ဇွန်လ မှ ၎င်းအဖွဲ့ကိုဖျက်သိမ်းခဲ့ပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါ ပြည်နယ် များခွဲထွက်ခွင့်၊ ၎င်းအပေါ်မူတည်၍ ၁၉၆၁ -၁၉၆၂ ခုနှစ် တွင် ဖြစ်လာသည့် ပြည်နယ် များ၏ တောင်းဆိုမှုများကို SEATO ဖြစ်စဉ်နှင့် ဆက်စပ်ကြည့်ပါက မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးမှုကို သဘောပေါက်နိုင်မည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သည့်အခါ ၎င်းကဲ့သို့ မဖြစ်အောင်ကာကွယ်နိုင်သည့် အင်အားစုများကို ရန်ပြုခြင်းမှာ မြင်သာသည့် အကြောင်းအရာပင်ဖြစ်ပါတယ်။
ယခုလက်ရှိအခြေအနေတွင်လည်း အမေရိကန်ဦးဆောင်သော အုပ်စု၏ ရည်မှန်းချက် မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး (China Containment Policy) ပင်ဖြစ်ပါတယ်။ ထို့ကြောင့်မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စု အာဏာရရှိရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မရရှိခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြင့် ကူညီနေတာကို တွေ့ကြရပါလိမ့်မယ်။
အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသောနိုင်ငံများသည် သမိုင်းအစဉ်အလာအရ ရင်းနှီးသောမိတ်ဆွေ နိုင်ငံများဖြစ်ကြပါတယ်။ သို့သော် အမေရိကန်၏ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်သော နိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုများ ပြုလုပ် ခဲ့ကြပါတယ်။ မိမိတို့သည် ဘဏ်စနစ်တစ်ခုဖြင့်သာ ရှင်သန်ရပ်တည်ကုန်သွယ် နေသည့်နိုင်ငံမဟုတ်ဘဲ မိမိတို့အနေဖြင့် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းမိတ်ဆွေ နိုင်ငံများနှင့် လက်တွဲဆောင်ရွက်ခဲ့ရပါတယ်။
ထို့ကြောင့် ဘဏ္ဍာရေးနှင့် ကုန်သွယ်မှု ကိစ္စများ၌ ငွေကြေးစနစ်တစ်ခု တည်းအပေါ်တွင်သာ မှီခိုအားထားမှုမပြုဘဲ ငွေကြေး စနစ်အမျိုးမျိုးဖြင့် အသုံးပြုနိုင်မှုအပေါ် နိုင်ငံတကာက အလေးထားလာသကဲ့သို့ မိမိတို့ လည်းဆောင်ရွက်နေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းမိတ်ဆွေ နိုင်ငံများနှင့် ပိုမိုချစ်ကြည်ရင်း နှီးရေးကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးလုပ်ငန်း များဆောင်ရွက်ရာတွင် ၎င်းကိစ္စများကိုသိရှိထားပြီး အရှည်မျှော်တွေး၍ ချင့်ချိန် ဆောင်ရွက်သွားရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါတယ်။
https://t.me/MyanmarNationalPost
No comments:
Post a Comment