MNP ၊ အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လဟယ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ကျင်းပပြုလုပ်သော အခမ်းအနားမှူးသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၅:၀၀)နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Communiyt Centre လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဦးစွာ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်ဝင်းက သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှားဆက်ကသင်တန်းနှင့် ပတ်သက်ပြီးရှင်းလင်းပြောကြားသည်။ ထို့နောက်သင်တန်းတွင်ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော သင်တန်းသူများကို ဆုများချီးမြှင့်ပေးအပ်ပြီး သင်တန်းနည်းပြများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
၎င်းနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သင်တန်းအား(၃)ရက်ကြာ စာတွေ့၊ လက်တွေ့ကို သင်တန်းနည်းပြ(၄)ဦး ဖွင့်လှစ်သင်ကြားပြီး သင်တန်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ သင်တန်းသူ/သား (၄၀)တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment