မိုင်းယုမြို့၌ နေကြာ၊ ပဲပုတ် သီးညှပ် စံပြကွက်အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ နေကြာ၊ ပဲပုတ် သီးညှပ် စံပြကွက်အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု့




MNP ၊ အောက်တိုဘာ  ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ နေကြာ၊ ပဲပုတ် သီးညှပ်စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ ယမန်နေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာအနီးရှိ တောင်သူ ဦးကျော်စိုးခိုင်၏ ယာခင်းတွင် စိုက်ပျိုးထားသည့် နေကြာ၊ ပဲပုတ် သီးညှပ်စံပြကွက်အား ကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။


အဆိုပါ ကွင်းဆင်းရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာနေ တောင်သူများမှ လိုက်ပါဆောင်ရွက်ခဲ့ကြပြီး တောင်သူများကို မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့က ပဲပုတ်သီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပဲပုတ်များ၏ အရည်အသွေးလက္ခဏာများ၊ ရေဆင်း-၆၊ ၁၁၊ ၁၄နှင့် KUSl2004စသည့် မျိုးများ၏အခြေအနေများ၊ စိုက်နည်း၊ ပိုးမွှားကာကွယ်နည်း၊ အထွက်နှုန်းကောင်းစေရန် ရိတ်သိမ်းခူးဆွတ်နည်းများ စသည်တို့ကို အသိပညာပေး ပြောကြားခဲ့သည်။


ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ဝေသည့် ပဲပုတ်သီးနှံ စိုက်ပျိုးရေးနည်းစနစ်ကောင်းများစွာ ပါဝင်သည့် လက်ကမ်းစာစောင်တို့ကို တောင်သူများထံ ဖြန့်ဝေပေးခဲ့ပြီး နေကြာ၊ ပဲပုတ် သီးညှပ်စံပြကွက်အောင်မြင်ဖြစ်ထွန်းနေမှုအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက လိုက်လံကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။


ကိုကိုနိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)