ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အစိုးရနည်းပညာကောလိပ် (မန္တလေး) ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အစိုးရနည်းပညာကောလိပ် (မန္တလေး) ကြည့်ရှုစစ်ဆေး


MNP ၊ အောက်တိုဘာ ၂၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ထွက်ကုန်များမှ MSME စက်မှုကုန်ထုတ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျအထောက် အကူပြုနိုင်မည့် ကျွမ်းကျင်နည်းပညာရှင်လူငယ်များ ပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က အစိုးရနည်းပညာကောလိပ် (မန္တလေး)၌ ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်က ကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက MSME များတွင် ခေတ်မီနည်းပညာများ အသုံးချနိုင်ရေး သင်ရိုးညွှန်းတမ်းနှင့် သင်ထောက်ကူပစ္စည်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ စီမံဆောင်ရွက်ရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေးနှင့် ဘဝရပ်တည်ရေး ခိုင်မာစေရေးအတွက် ပံ့ပိုးပေးနိုင်သည့် သက်မွေးပညာသင်တန်းများ သင်ကြားပေးရန်၊ ပြည်သူများ၏ အကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်မည့် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ဆက်စပ်ကျောင်း/ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား ဖြစ်စေမည့် ဗလငါးတန်နှင့်ပြည့်စုံသော နည်းပညာအရည်အသွေး ပြည့်ဝသည့် နိုင်ငံ့လူငယ်ကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် B.Tech (ပထမနှစ်)Second Semester စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုလျက်ရှိသည့် ကျောင်းသား ကျောင်းသူများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ ထို့နောက်လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေကြသည့် G.T.I ဒုတိယနှစ် ကျောင်းသား ကျောင်းသူများကို ကြည့်ရှုအားပေးကာ စာကြည့်တိုက်၊ ကွန်ပျူတာခန်းနှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)