MNP ၊ အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ရေဘေးသင့်စာရင်းစစ်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက လှည်းကူးမြို့နယ် စာရင်းစစ်ရုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက လမ်းညွှန်စကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က လှည်းကူးမြို့နယ်စာရင်းစစ်ရုံးမှ ရေဘေးသင့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ မြို့နယ်စာရင်းစစ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းကလျာရွှေက လက်ခံရယူပြီး မြို့နယ်စာရင်းစစ်ရုံးမှ ဒုတိယစာရင်းစစ်မှူးဦးဇေယျာဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးနှင့် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ရန်ကုန်တိုင်ဒေသကြီးစာရင်းစစ်ချုပ်မှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာချိုနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ရေးဘေးသင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment