မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်


MNP ၊ အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀:၀၀နာရီက Book Club အဖွဲ့နှင့် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။  အဆိုပါစာဖတ်ဝိုင်းတွင် Book   Club အဖွဲ့နာယက ဆရာကြီး ဦးခင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ Book Club နာယက ဦးခင်စိုးက တပည့်တွေအကြောင်း၊ ဆရာတပည့်ပုံရိပ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ မောင်လှိုင်းသစ်(ချစ်စရာမြေ)က ကံရာဇာငယ်၏ အလှူမဏ္ဍပ်​ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အတွင်းရေးမှူး ဒေါ်အုန်းကြိုင်က စာသင်ရာမှာ ရယ်မောစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်ရဲအောင်က စိန်ခေါ်ကြစေချင်ပါသည် ခေါင်းစဥ်​​ဖြင့်လည်းကောင်း၊ ​ဒေါ်မိုးမိုးသန့်က ပဉ္စာဝုဓမင်းသား၏ ဝရဇိန်လက်နက်ဖြင့် ခေါင်းစဥ်ဖြင့်လည်းကောင်း၊  ဒေါ်မြင့်သူနိုင်က ဆရာနှင့်ပတ်သက်သည့် အတွေးများ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်း အရာများ၊  ထင်မြင်ယူဆချက်များအား အပြန်အလှန်  စာအုပ်ပါ အရေးအသားအသုံးအနှုန်းများ၊ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။   


မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)