ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်




MNP ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် လူထု အခြေ ပြုဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ  လက်ထောက်ညွန်ကြားရေး မှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းများ နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး  ခရိုင်ရုံးရှိဝန်ထမ်းများက အခန်း ၃ ပါ ပြည်သူ ဗဟိုပြုနိုင်ငံ့ဝန်ထမ်းများ ဖြစ်ပေါ်လာစေရန် ကတိကဝတ်ပြုခြင်း ၊ အခန်း(၄)ပါ  လုပ်ငန်းတာဝန်များကို ဇွဲ ၊ လုံ့လ ၊ ဝီရိယ ဖြင့် တိကျမှန်ကန်မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ခြင်း စသည့် ခေါင်းစဉ်များတွင် ပါဝင်သော  အကြောင်းအရာ အချက် အလက်များကို အသေးစိတ် တစ်ဦးချင်း ဆွေးနွေးဖတ်ကြားခဲ့ပြီး သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ 


သက်လွင်စိုး  ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)