Pages

Pages

​ပေါက်တောမြို့ Community Centre ခန်းမ၌ နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ်ဖြင့်ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်




MNP ၊ အောက်တိုဘာ  ၂၃

ရခိုင်ပြည်နယ်၊  ​စစ်တွေခရိုင်၊  ​ပေါက်တောမြို့နယ်၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ  စံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့ညနေပိုင်း က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌ ပြုလုပ်သည်။


အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ဝန်ထမ်းများအနေဖြင့် စံတန်ဖိုးရှိရှိ နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန်၊  ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန်စွာ ဆောင်ရွက်တတ်စေရန်၊  ပူးပေါင်းညှိနှိုင်းဆောင်ရွက်တတ်စေရန်၊ တာဝန်ယူမှုနှင့်တာဝန်ခံမှုရှိစေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍  နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ် အခန်း (၄)ပါ လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန်မြန်ဆန် ထိရောက်စွာဆောင်ရွက်ခြင်း အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက  အခန်း(၆)ပါ ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်းတို့ကို ဖတ်ကြားဆွေးနွေးသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment