Pages

Pages

ညောင်လေးပင်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ




MNP ၊ အောက်တိုဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အောက်တိုဘာ ၂၁ ရက်နေ့နံနက်ပိုင်းမှစတင်၍ ပင်စင်လစာငွေများကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ထုတ်ပေးလျက်ရှိသည်။


အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ် ၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် အလှည့်ကျထုတ်ပေးခဲ့ကြောင်း သိရသည်။


ပင်စင်လစာများ ထုတ်ပေးရာ၌ ယနေ့နံနက်ပိုင်း ညောင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူလျက်ရှိရာ အငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးကို မထိခိုက်စေရန် နေ့စဉ်ဘဏ်ဖွင့်သည့် နေ့တိုင်းနံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment