ပုလောမြို့နယ် Community Centre ခန်းမ၌ စာရေးဆရာ လူထုစိန်ဝင်းရေးသားထားသည့် ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ စာအုပ်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ် Community Centre ခန်းမ၌ စာရေးဆရာ လူထုစိန်ဝင်းရေးသားထားသည့် ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ စာအုပ်စာဖတ်ဝိုင်းပြုလုပ်


MNP ၊ အောက်တိုဘာ  ၄

ပုလောမြို့နယ် စာပေချစ်သူများအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ လူထုစိန်ဝင်းရေးသားထားသည့် ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများ စာအုပ်စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင် ပုလောမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်သက်မှူးအိမ်က ဒီနေ့ခေတ်က ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်ကြွယ်ဝသလောက် စိတ်ဓာတ်ကြွယ်ဝမှု ခေါင်းပါးလာနေတာကို နိုင်ငံတိုင်းလိုလို တွေ့မြင်နေရကြောင်း၊  လူသားအချင်းချင်း ကြီးနိုင်ငယ်ညှဉ်း ရက်ရက်စက်စက်သတ်ဖြတ်တာတွေ၊ အကျင့်ပျက် ခြစားနေတာတွေကိုဖယ်ရှားပြီး စိတ်ထဲကြည်နှုးသွားလောက်တဲ့ လူကြီးလူကောင်းစိတ်ကိုမွေးမြူသင့်ကြောင်း၊အရှက်တရား၊ အကြောက်တရားတို့ သစ္စာနဲ့သိက္ခာဆိုတဲ့ စိတ်မျိုးတွေကို မူလတန်းအရွယ်ကလေးဘဝကစတင်၍ သိနားလည်အောင် လုပ်ပေးရမည်ဖြစ်ကြောင်းကို ဆွေးနွေးခဲ့သည်။


ဆက်လက်၍ စာပေချစ်သူအဖွဲ့ဝင် ဒေါ်မွေးတင်က လူငယ်တွေရဲ့ ဝါသနာကိုပြုစုပျိုးထောင်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အေမီလှိုင်က ပန်းတိုင်ကဘာလဲခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အေးအေးမော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)