MNP ၊ အောက်တိုဘာ ၂၆
ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာရှိ ချိတ်ပိတ်ထားသော မြန်မာသူရကျောက်မျက်ကုမ္ပဏီတွင် တပ်စွဲထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ယမန်နေ့ညပိုင်းက KIA အကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး ချိတ်ပိတ်ထားသည့်ကုမ္ပဏီဝင်းအတွင်းမှ ကျောက်စိမ်းတုံးများကို ဒေသခံများက အလုအယက် ဝင်ရောက်သယ်ယူနေသည့် ရုပ်သံမှတ်တမ်းများ ပျံ့နှံ့လာခဲ့သည်။
မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှသည် အမေရိကန်သို့ ထွက်ပြေးရောက်ရှိနေသော အကြမ်းဖက်လှုံ့ဆော်သူ ဝရမ်းပြေးမ ပန်ဆယ်လိုထံ ငွေကြေးများ ပံ့ပိုးပေးခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းပြီး ၎င်း၏ ကုမ္ပဏီကို ချိတ်ပိတ်ထားခြင်း ဖြစ်သည်။
တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ရာတွင် ထောက်ထားညှာတာမှုများစွာဖြင့် အပြုသဘောဆန်ဆန် ဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများစွာ ဆုံးရှုံးခဲ့ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment