PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်မှုများကို ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်မှုများကို ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား








MNP ၊ အောက်တိုဘာ ၃၁

ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်မှုများကို ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက ကျစ်လစ်ခိုင်မာ ညီညွတ်သော စုပေါင်းအားဖြင့် ကြိုးပမ်းဆောင်ရွက်မှသာ နိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရတာကို တွေ့ရှိရကြောင်း၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့က နိုင်ငံတော်ကြီး အလုံးစုံပျက်သုန်းရေးကို ဦးတည်ပြီး အကြမ်းဖက်သတ်ဖြတ်မှုများကို လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်းခံထားရသူများသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်မှုများကို ပြုလုပ်လာကြရာ ယင်းကဲ့သို့ ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေမည် ဖြစ်ကြောင်း၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက် ရှိသော အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့် ပတ်သက်၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆို လက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားများမှတဆင့် နေ့စဉ်ထုတ်ပြန် ကြေညာပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသွားသည်။


ဆက်လက်၍ ဝန်ကြီးချုပ်က ယနေ့ရန်ကုန်တိုင်းဒေသကြီးတွင် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ (၇)ဦးကို မိဘအုပ်ထိန်းသူများထံ ဆက်လက်လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း၊ ယခုဆိုလျှင် အလင်းဝင်ရောက်လာသူ စုစုပေါင်း(၈၇)ဦးအား လွှဲပြောင်းအပ်နှံနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် အလင်းဝင်ရောက်လာသူများကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ အလင်းဝင်ရောက်လာသူများနှင့် မိဘများအနေဖြင့် ယခုလို ကြိုဆို လက်ခံမှု အခြေနေတွေကို နီးစပ်ရာ သက်ဆိုင်သူများကိုပါ ပြောပြပြီး ထပ်မံစည်းရုံးပေးကြရန် လိုပါကြောင်း၊ အလင်းဝင်ရောက်လာသူများ အနေဖြင့် ပြန်လည်ဝင်ရောက်လာပြီး နောက်ပိုင်းကာလမှာ ကောင်းမွန်စွာနေထိုင်ပြီး နိုင်ငံအကျိုးပြုသူများ ဖြစ်လာစေရန် ကြိုးစားနေထိုင်ကြရန်ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ (၇)ဦးကို မိသားစုဝင်များထံ လွှဲပြောင်းအပ်နှံပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


ထို့နောက် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ လူငယ်များ၏ မိသားစုဝင်များ(ကိုယ်စား) မိခင်တစ်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)