သထုံခရိုင်လူထုအခြေပြုဗဟိုဌာန၌ Physical Fitness Dance သင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံခရိုင်လူထုအခြေပြုဗဟိုဌာန၌ Physical Fitness Dance သင်တန်း ဖွင့်လှစ်






MNP ၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေးအတွက် Physical Fitness Dance သင်တန်းကို ယနေ့၊ နံနက်ပိုင်းကစတင်၍ ပူးပေါင်း ဖွင့်လှစ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက သင်တန်းဖွင့်လှစ်ပေးရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းအမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်လှိုင်က Physical Fitness Dance ကစားခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပြီး မိမိကိုယ်ကိုယုံကြည်မှုများ ရရှိမည်ဖြစ်ကြောင်း ခန္ဓာကိုယ် ပျော့ပျောင်းခြင်း၊ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ခြင်း၊ စိတ်ဓာတ်ကျဆင်းမှုကို လျော့နည်းစေခြင်း၊ ကိုယ်အလေးချိန် လျော့ကျစေခြင်း စသည့်

အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းကို ဆက်လက်ပို့ချပေးခဲ့သည်။


အဆိုပါသင်တန်းကို အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဝါးတော အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသူ(၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)