ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် တံခွန်တိုင်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် တံခွန်တိုင်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်



MNP ၊ အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ ပူးပေါင်း၍ တံခွန်တိုင် ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ၌ ရေသန့်စင်စနစ်တပ်ဆင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား အောက်တိုဘာပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းမှာ ၃၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ရှိသူထံက သိရသည်။             


နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ် ၁၅ သန်းနှင့် ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၇ ဒသမ ၅ သန်း စုစုပေါင်း ကျပ် ၂၂ ဒသမ ၅ သန်း အသုံးပြုကာ တံခွန်တိုင်ကျေးရွာ ရေသန့်စင်စနစ်တပ်ဆင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း အရှည် ၇၀၀ပေ၊ အကျယ်၁၂ပေ၊ အမြင့် ၆ လက်မခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာပြည်သူလူထုမှ ကိုယ်တိုင်အကောင်အထည်ဖော်၍ အောက်တိုဘာ ပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းမှာ ၃၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးစိုးလင်းထွဋ်ထံမှ သိရသည်။


အဆိုပါကျေးရွာရှိ အိမ်ခြေ (၆၃၃)အိမ် ၊ အိမ်ထောင်စု (၆၃၃)စု မှ လူဦးရေ (၂၇၀၆)ဦးတို့ ရာသီမရွေး သွားလာရ လွယ်ကူလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အကျိုးပြုသွားမည်ဖြစ်ကြောင်း၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးလင်းထွဋ်မှ ဆက်လက်ပြောပြ၍ သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)