ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၃၄) ကြိမ်မြောက် မိသားစု စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၃၄) ကြိမ်မြောက် မိသားစု စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာပြုလုပ်


MNP ၊ နိုဝင်ဘာ ၉

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၃၄) ကြိမ်မြောက် မိသားစု စုပေါင်း မဟာဘုံကထိန်အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ ကန်ဦးဇေတဝန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ နန္ဒသာမီဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ) အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်ကြပြီး တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ အရာရှိ၊ စစ်သည် မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကန်ဦးဇေတဝန် ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များနာယူကြည်ညိုကာ ကထိန်လျာသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ကန်ဦးဇေတဝန် ကျောင်းတိုက်ဆရာတော်ထံမှ သမ္မောဒနီယ အနုမောဒနာတရားနာယူကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ တိုင်းစစ်ဌာနချုပ် မိသားစု စုပေါင်းမဟာဘုံကထိန်တွင် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေ စုစုပေါင်း (၃၂၀၁၁၁၀၀)ကျပ် တန်ဖိုးရှိသော ပဒေသာပင်(၁၁)ခုကို ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)