တပ်ကုန်းမြို့နယ်၌ ပဉ္စမနေ့အဖြစ် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ်၌ ပဉ္စမနေ့အဖြစ် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်


MNP ၊ နိုဝင်ဘာ ၇

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ၍မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲ ပေးခြင်းများကို ယမန်နေ့က တပ်ကုန်းမြို့နယ်၌ ပဉ္စမနေ့အဖြစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင် စိုးဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့ စမ်းသပ်မဲပေးခဲ့ကြကာ မဲပေးစက်၏ ထိန်းချုပ်စက် (Control Unit) ကို မဲဆန္ဒရှင်များ ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက် မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

စမ်းသပ် မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအနေဖြင့် အချိန်တိုအတွင်း မဲပေးစက်ကို နည်းစနစ် တကျ ကိုင်တွယ်နိုင်ပြီး မဲပေးရာတွင် လွယ်ကူရှင်းလင်းစွာ မဲပေးနိုင်ခြင်း၊ မဲရလဒ်များ မှန်ကန် တိကျမှုရှိခြင်း၊ ပယ်မဲမရှိတော့ခြင်း၊ မဲမသမာမှု မပြုလုပ်နိုင်ခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်းတို့ကို လက်တွေ့ သိရှိရသည့် အတွက် မဲပေးစက်အပေါ် ယုံကြည် သဘောကျ နှစ်ခြိုက်မှုရှိကြောင်း နှင့် နည်းပညာခေတ်၌ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ အဆင့်အတန်း ပြည့်မီသောရွေးကောက်ပွဲများကို လွတ်လပ်မှု၊ တရားမျှတမှု၊ ဂုဏ်သိက္ခာရှိမှုတို့ဖြင့် ကျင်းပဆောင် ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်တွေ့စမ်းသပ်မဲ ပေးခြင်းအခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ကြက်ခြေနီအဖွဲ့၊ ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စား လှယ်များ၊ အိုင့်ကျယ်ကျေးရွာအုပ်စု၊ မျက်ရဲကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ သံပုရာ ကုန်းကျေးရွာအုပ်စု၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ကျေးချောင်း ကျေးရွာအုပ်စုနှင့် ညောင်တုန်းအိုင်ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူး များနှင့်မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)