MNP ၊ နိုဝင်ဘာလ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နည်းပညာတ္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အတန်းများကို နိုဝင်ဘာလ ၂၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်းကို ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းသားကျောင်းသူ ၂၀၀ ဦး ဝင်ခွင့်ရရှိခဲ့ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကျောင်းဝင် မှတ်ပုံတင်ခြင်း လက်ခံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းများစတင်ဖွင့်လှစ်သည့် ပထမဆုံးနေ့တွင် မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နိုင်မြင့်က ကြိုဆိုနှုတ်ခွန်းစကား ပြောကြားပြီး ဌာနမှူးများက သက်ဆိုင်ရာဌာနအလိုက် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
မိတ္ထီလာနည်းပညာတက္ကသိုလ်တွင် မြို့ပြသင်တန်း၊ အီလက်ထရောနစ်သင်တန်း၊ လျှပ်စစ် စွမ်းအားသင်တန်း၊ စက်မှုစွမ်းအားသင်တန်းနှင့် သုတနည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
https://t.me/MyanmarNationalPost

No comments:
Post a Comment