လုပ်ငန်းရှင်များကို သဘာဝမြေဩဇာစက်ရုံများ ထူထောင်လုပ်ကိုင်လာကြစေရန် အားပေးပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေးကို ကြိုးပမ်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လုပ်ငန်းရှင်များကို သဘာဝမြေဩဇာစက်ရုံများ ထူထောင်လုပ်ကိုင်လာကြစေရန် အားပေးပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်


MNP ၊ နိုဝင်ဘာ၂၅

မြေဩဇာကော်မတီ၏ အကြိမ်(၄၀)မြောက် အစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြေဩဇာကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် မြေဩဇာကော်မတီအဖွဲ့ဝင်များ၊ မြေဩဇာကျွမ်းကျင် ပညာရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဓာတ်မြေ ဩဇာဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် တောင်သူများ အရည်အသွေးပြည့်ဝသော မြေဩဇာများကို သုံးစွဲနိုင်ရန်၊ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းမသွားစေရန် ကြိုးပမ်းလျက်ရှိနေကြကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုပိုမိုတိုးတက်စေရန်နှင့် သွင်းအားစုကို ထိထိရောက်ရောက်အသုံးပြုနိုင်ရန်၊ မြေဆီလွှာကျန်းမာရေးကို ရေရှည်ကောင်းမွန်တိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော စိုက်ပျိုး ထုတ်လုပ်မှုဖြစ်စေရန်တို့အတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို အချိုးကျ ပေါင်းစပ်သုံးစွဲရေး၊ သစ်စိမ်းမြေဩဇာ ပြုလုပ်သုံးစွဲရေး၊ နေရာဒေသနှင့် သီးနှံပုံစံကိုလိုက်၍ ဘက်စုံအပင်အာဟာရ စီမံခန့်ခွဲခြင်းနည်းလမ်းများ တောင်သူ့လက်ဝယ် ရောက်ရှိရေးစသည့် နည်းပညာပေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များကိုလည်း သဘာဝမြေဩဇာစက်ရုံများ ထူထောင်လုပ်ကိုင်လာကြစေရန် အားပေးပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့ကော်မတီအနေဖြင့် အပင်အာဟာရ မျှမျှတတရစေမည့် သွင်းအားစုများ အသုံးပြုနိုင်ရေး၊ ရေရှည်တည်တံ့သော စိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးလာစေရေးအတွက် သက်ဆိုင်ရာကဏ္ဍများက စိစစ်ကြပ်မတ်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြေဩဇာကော်မတီ တွဲဖက်အတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးရမည့် လုပ်ငန်းများတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက လုပ်ငန်းတစ်ခုချင်းအပေါ် ဆွေးနွေး ဆောင်ရွက်ကြသည်။

မြေဩဇာကော်မတီ၏ (၃၈) ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည်အထိ မြေဩဇာမှတ်ပုံတင် စုစုပေါင်း ၁၀၅၉၇ စောင်ကို ခွင့်ပြုပေးနိုင်ခဲ့ပြီးဖြစ်ပြီး ယနေ့အစည်းအဝေးတွင် မြေပြုပြင် မြေဩဇာအဖြစ် တင်သွင်းခွင့် လျှောက်ထားလာသောကိစ္စရပ်များ၊ ဆောင်းသီးနှံနှင့် နွေသီးနှံများအတွက် လိုအပ်လျက်ရှိသော ကွန်ပေါင်းဓာတ်မြေဩဇာ တင်သွင်းခွင့်ပြုနိုင်ရေး၊ ရာသီချိန်မီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် တောင်သူများ လိုအပ်လျက်ရှိသည့် မြေဩဇာများတင်သွင်းနိုင်ရန် ကြိုတင်ခွင့်ပြုမိန့်ပေးထားခြင်းအပေါ် အတည်ပြုပေးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)