ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေစာရင်းများ ရေးဆွဲတင်ပြနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေစာရင်းများ ရေးဆွဲတင်ပြနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

 MNP ၊ နိုဝ◌ငျဘာ ၃၀




ချင်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေစာရင်းများ ရေးဆွဲတင်ပြနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်သည်။လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယမန်နေ့ ကျင်းပပြုလုပ်သည့်အစည်းအဝေးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်းများရေးဆွဲရာတွင် ညွှန်ကြားချက်နှင့်အညီ ရေးဆွဲနိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားချက်ကို လေ့လာကြည့်ပါက ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်သည့်လုပ်ငန်းအတွက် ၈၀ ရာခိုင်နှုန်းခန့်၊ သွယ်ဝိုက်အကျိုးပြု နိုင်သည့်လုပ်ငန်းအတွက် ၂၀ ရာခိုင်နှုန်းခန့် လျာထားသည်ကို တွေ့ရှိရပြီး လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လျာထားရာတွင် ပြည်သူကို တိုက်ရိုက်အကျိုးပြုသည့်လုပ်ငန်းများကို ယခင်နှစ်ထက် ပိုမိုလျာထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘတ်ဂျက်ရေးဆွဲရာတွင် လက်ရှိနိုင်ငံတော်အစိုးရ၏မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရေးဆွဲရ ခြင်းဖြစ်ကြောင်း၊ ထိုသို့ ရေးဆွဲရာတွင် ဒေသတစ်ခု၊ အဖွဲ့အစည်းတစ်ခု၏ အကျိုးစီးပွားအတွက် ပုံအောလျာထားခြင်းမျိုး မဟုတ်ပဲ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ မျှမျှတတဖြစ်စေရေး ကို အဓိကထားရမည်ဖြစ်သလို ဒေသလုံခြုံရေးနှင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်တို့ကို ကြိုတင်ထည့်သွင်းစဉ်းစား၍ အမှန်တကယ်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများကိုသာ လျာထားရမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်ရန်ပုံငွေတွင်ပါဝင်သောဌာန၊ အဖွဲ့အစည်း တာဝန်ရှိသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများ လျာထားရာတွင် မြေပြင်အမှန်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများကိုသာ လျာထားရန်နှင့် သဘာဝဘေးအန္တရာယ်ကဲ့သို့ မမျှော်မှန်းနိုင်သော ဘေးတစ်ခုခုကြောင့် လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိပါကလည်း သက်ဆိုင်ရာဌာနမှ အချိန်မှီပြန်လည်တင်ပြရန်လိုကြောင်း ဆွေးနွေးတင်ပြသည်။ယင်းနောက် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးကျော်ဇင်ဦးနှင့် ပြည်နယ်စီမံကိန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်တို့က ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က မိမိတို့ကဏ္ဍအလိုက် ဘဏ္ဍာငွေလျာထားချက်များကို ရှင်းလင်းတင်ပြကြသည်။ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးကျော်ငြိမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီးရဲမှူးကြီးစိုးလွင်မိုး၊ တိုင်းရင်သားရေးရာဝန်ကြီးဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးအောင်ချိုတို့က အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)