ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ရုရှားရေတပ်ဦးစီးချုပ်အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ရုရှားရေတပ်ဦးစီးချုပ်အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ





MNP ၊ နိုဝင်ဘာ ၆

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် နိုဝင်ဘာ ၄ ရက် ညပိုင်း၌ Admiral Nikolai A.EVMENOV ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့မှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြု ညစာကို အတူတကွ သုံးဆောင်ကြသည်။ ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၊ တပ်မတော်(ရေ) သံစုံတီးဝိုင်းအဖွဲ့နှင့် ရုရှားရေတပ်သံစုံ တီးဝိုင်းအဖွဲ့တို့မှ တေးသီချင်းများ၊ အကပဒေသာများနှင့် သီဆို ဖျော်ဖြေခဲ့ကြသည်။


အလားတူ နိုဝင်ဘာ ၅ ရက်ညပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် အဖွဲ့ဝင်များသည် ရုရှားစစ်ရေယာဉ် Admiral Tributs ပေါ်သို့တက်ရောက် လေ့လာကြည့်ရှုပြီး ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV မှ ရုရှားစစ်ရေယာဉ် Admiral Panteleev ပေါ်တွင် အပြန်အလှန်တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)