MNP ၊ နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ကြာနီကန်ရပ်ကွက် ၊ ဆေးရုံလမ်း ပြည်သူ့ဆေးရုံဝန်းအတွင်းတွင် ယနေ့နံနက်ပိုင်းက စုပေါင်း
သန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စု ပေါင်းသန့်ရှင်းရေးလှုပ်ရှား ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊( သရက်တော၊ကြာနီကန်၊ယွန်းတန်း) ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်အဖွဲ့ဝင်များစုစုပေါင်းအင်အား (၄၄၅) ဦးပါဝင်ဆောင်ရွက်ခဲ့ပြီး အမှိုက်များ၊ ချုံနွယ် ပေါင်းမြက်များကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်းယာဉ် ( ၃) စီးဖြင့်စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment