အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ



MNP ၊ နိုဝင်ဘာ ၉

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်ဖြစ်သည့် “တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး” ဆိုသည့်အတိုင်း အသေးစက်မှုလက်မှု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက် လာစေရေး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ရေရှည် ရပ်တည်နိုင်ရေးအတွက် ပဲခူးမြို့တွင် ဒေသထွက်ကုန် အရောင်းစင်တာအား ဖွင့်လှစ်ပေးထားခဲ့ပြီးဖြစ်သလို ကျန်ရှိသည့် ခရိုင်မြို့ကြီးများတွင်လည်း ထပ်မံဖွင့်လှစ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိက မောင်းနှင်အားတစ်ခုဖြစ်ပြီး ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲဖန်တီးနိုင်မှသာ အောင်မြင်မှုကို အရောက်လှမ်းနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနှင့်ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားရရှိလာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရန် ဘက်ပေါင်းစုံမှ ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းသစ်များ ထူထောင်ဆောင်ရွက်မည့် ထူးချွန် သင်တန်းသူများအနေဖြင့် ပံ့ပိုးပေးအပ်မည့် လုပ်ငန်းသုံးပစ္စည်းများနှင့် သင်ကြားမျှဝေ ပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများကို ပေါင်းစပ်၍ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံသော အစားအသောက်များနှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး လမ်းညွှန်ချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် အောင်မြင်သည့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေ တိုးတက်စေရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းသင်တန်းများမှ ထူးချွန်ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ထူးချွန်သင်တန်းသား သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြီးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ခင်းကျင်းပြသထားသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများအား လှည်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေ တိုးတက်စေရေးစီမံကိန်းဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းနှင့် သီးနှံအခြေခံတန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတို့မှ ထူးချွန်သင်တန်းသူ(၁၅)ဦးအား စိစစ်ရွေးချယ်၍ တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှင့် ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)